အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ
H+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲ
H+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။
H – HSDPA (High Speed Downlink Packet Access) (Year-2006)
H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/s
HD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်
H+ – HSDPA Plus (Year-2011)
H ထက် ပိုမြန်တာ အသေအချာပါပဲ ။
အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။
ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ပါပြီ။ broadband connection တွေနဲ့တောင်တူတယ်
3G – 3rd Generation / UMTS ( Year- 2003)
ရုပ်ရောအသံပါ (video calling) အင်တာနက်မြန်နူန်းတစ်ခုဖြစ်ပါတယ်။
စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး ..အခုချိန် ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။
20ရာစုအစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နူန်းဖြစ်လို့ 3rd Generation လို့ခေါ်တာပါတဲ့။
E – EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)
အင်တာနက်မြန်နူန်းက 384Kb/s ။
EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။
3G မပြည့်ဘူးပေါ့ ။ 2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ် ။
G – GPRS (General Packet Radio Service)( Year- 2000)
GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။ 2.5G လို့လည်း ယူဆနိုင်ပါတယ်။
2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီး webpage တစ်ခုသာ မြန်နူန်းကတော့ 115kb/s ရပါတယ်။
GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုးတတ်သွားခြင်းပါ။
LTE – Long Term Evolution (4G*) ( Year- 2013)
မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။
မြန်နူန်း 100Mb/s အထိ ရပါတယ်တဲ့ ။
Full HD Videos များကို ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
LTE ဆိုတာ 4G နဲ့မတူပါဘူး ။ LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။
4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နူန်း 1Gb/s ထိရနိုင်ပြီး LTE ထက် ဆယ်ဆ သာပါတယ်တဲ့။
(အဲ့လောက် သုံးရရင် သေပျော်ပါပြီ ) 😛
ဘာသာပြန်ဆိုသည်- Giffgaff.com