Ubuntu Global Jam – Myanmar LoCo Team

Ubuntu Global Jam ဆိုတာဘာလဲ
တကမ္ဘာလုံးရှိ Ubuntu User Group များ LoCo Team များ ဆုံတွေ့ပြီး ubuntu ကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြသည့် ပွဲဟု ပြောနိုင်ပါသည်။ တွေ့ဆုံပွဲများကို Online တွင်သော်၎င်း face-to-face သော်၎င်း စီစဉ်ကြပြီး Ubuntu User / Developer များ
Linux User / Developer များ တွေ့ဆုံကြသည့်ပွဲဖြစ်သဖြင့် Community အတွက် များစွာ အကျိုးရှိပါသည်။ 

ဘယ်နေ့မှာ ကျင်းပမှာလဲ
14-sept-14
9am to 5pm

ဘာတွေ လုပ်ကြမလဲ

  • App Dev School event – application တွေ ရေးတတ်ဖို့ သင်ကြမယ်
  • Bugs –  Bug တွေရှာမယ်၊ Report လုပ်မယ်၊ ကိုယ်တိုင် ပြင်ဆင်ပြီး ကူညီမယ်
  • Testing – Software အသစ်တွေကို စမ်းသပ် အသုံးပြုမယ် ကိုယ့် Hardware တွေနဲ့ ကိုက်ညီမှုရှိမရှိ မှတ်ချက်ပေးမယ်၊ တွေ့ရှိချက်အသစ်တွေ ရှိရင် မှတ်ချက်ပေးမယ်
  • Documentation – Ubuntu ကို ဘယ်လို သုံးမလဲတို့ Ubuntu Software တွေအကြောင်းတို့ Document တွေ ရေးကြမယ်။
  • Development – Source code အချို့ကို ကြည့်ရှုပြီး ပိုကောင်းအောင် ပြုပြမယ် Hack လုပ်မယ် Bug Fix လုပ်မယ်။ ဒါမှမဟုတ် တခြားဆော့ဝဲအသစ်တစ်ခုရေးမယ်
  • Design – Art Work တွေ ဥပမာ Boot Skin / Wallpaper / Icon / Theme တွေဖြစ်ဖြစ် Presensation Template တွေဖြစ်ဖြစ် Design ပိုင်းနဲ့ ကူညီမယ်။
  • Translations – Ubuntu OS ကြီးကို မြန်မာလို သုံးနိုင်ဖို့ ပါဝင်တဲ့ Application တွေကို မြန်မာလိုသုံးနိုင်ဖို့ ကူညီမယ်။ ဒီမှာဆိုရင်တော့ မြန်မာထက် ရှမ်းတွေက ပိုတော်ကြတယ် 😉
  • Packaging – Ubuntu Application တစ်ခု ဒါမှ မဟုတ် ဖောင့်တွေ Icon တွေ Theme တွေကို ဘယ်လို deb သို့မဟုတ် installer ထုတ်ကြမယ်
  • Promote – Ubuntu ရဲ့ ကောင်းကွက်တွေကို ပြောကြရင် ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုလည်း ပြောကြမျှဝေကြတာပေါ့။ ငါဘယ်လောက်ထိ Ubuntu ကို ကောင်းကောင်းသုံးနိုင်တယ်ဆိုပြီးတော့

ဘယ်မှာ မှတ်ပုံတင်မလဲ

http://loco.ubuntu.com/events/ubuntu-mm/2872-ubuntu-global-jam-yangon-myanmar/
https://ugj-ubuntumm.doattend.com

ဘာတွေ ယူလာဖို့လိုမလဲ

Laptop (ရှိက ယူလာပါရန်)
Registration Ticket (မပါမဖြစ် ယူလာပါရန်)ဘာတွေ လက်ဆောင်ရနိုင်မလဲ

Ubuntu T-Shirt (Limited Register User)
Ubuntu Lanyard (Q&A)
Ubuntu Book (Ko Ei Mg) (Lucky Draw)
Ubuntu WIki (PDF) (Free copy)
Ubuntu Sticker (Everyone)
Ubuntu 14.04 DVD (MM LTS)
Ubuntu 14.10 Beta DVD iso
တကယ်လို့ ဒီ post ကို Social မှာမျှဝေမယ် share မယ်ဆိုရင် #ubuntu #ubuntumm #ugj ဆိုတာလေးတွေ သုံးလို့ရတယ်နော် 😉
ubuntu_global_jam_badge_v1_es